Kaung Kin San Co.,Ltd တွင် မော်လမြိုင်၊ မန္တလေး၊နေပြည်တော်၊ တောင်ငူနှင့် ပြည်မြို့များမှ ထွက်ရှိသော အရည်အသွေးမြင့် စံချိန်စံညွှန်းမှီဆောက်လုပ်ရေးနှင့် လမ်းခင်းလုပ်ငန်းသုံး လိပ်သဲကျောက်ဆိုဒ်စုံများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန်းဖြူးပေးခြင်း။
မုပ္ပလင်ဒေသထွက်(ဂဝံ)နှင့် ဖူးကြီးဒေသထွက်(ဂဝံ) များကိုလည်း ပစ္စည်းမှန်ကန် ဈေးနှုန်းချိုသာစွာ ရနိုင်ခြင်း။
လူကြီးမင်းတို့ မှာယူထားသည့် တည်ဆောက်ရေးလုပ်ငန်းသုံး လိပ်သဲကျောက်(ခွဲကျောက်)၊ဂဝံနှင့် အခြားသောလုပ်ငန်းသုံးပစ္စည်းများကို (Site to Site) စနစ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ အရောက်ပို့ပေးခြင်း။
ကန်ထရိုက်တာများ၊ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများ၊ အသင်းအဖွဲ့(အဖွဲ့အစည်း)လုပ်ငန်းများနှင့် ကိုယ်ပိုင် လမ်း၊ တံတား၊ အဆောက်အဦ ဆောက်လုပ်လိုသူများအတွက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးခြင်း။
ငွေပေးချေစနစ်အား ဝယ်ယူသူများ စိတ်ချမ်းသာမှုရှိစေရန် အရစ်ကျညှိနှိုင်းဆောင်ရွက်ပေးခြင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန၊ လမ်းဦးစီးဋ္ဌာန (တည်ဆောက်ရေး)၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာနခွဲမှ အသိအမှတ်ပြုသော၊အရည်အသွေးစစ်ဆေးခြင်းများကို ပြုလုပ်ထားသည့် အရည်အသွေးမှီ လမ်းခင်း လိပ်သဲကျောက်များ၊ဂဝံ နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးကုန်ကြမ်းများ အား ဖြန့်ဖြူးရောင်းချပေးနေခြင်းဖြစ်ပါသည်။
Kaung Kin San Co.,Ltd တွင် လူကြီးမင်းတို့လိုအပ်သော လမ်းခင်း လိပ်သဲကျောက်၊ဂဝံနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း များကိုမှန်ကန်သော အရွယ်အစား ၊ သင့်တင့်သော နှုန်းထားလိုအပ်သော အရေအတွက်အတိုင်း တိကျသောအချိန်အတွင်း အသက်သာဆုံးနှင့် အလျင်မြန်ဆုံး ဆောင်ရွက်ပေး လျက်ရှိပါကြောင်းစသည့် ဝန်ဆောင်မှုများကို Kaung Kin San Co.,Ltdမှ လူကြီးမင်းတို့၏ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။